
“ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ” ၏ မျှော်မှန်းချက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးအတွက် ကြိုးပမ်းကြ ရာ၌ မိမိတို့၏ “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” သည်
(က) ပြည်ထောင်စုသားတိုင်း ဒီမိုကရေစီ လူ့အခြေခံ လွတ်လပ်မှု အခွင့်အရေးများကို စည်းကမ်းတကျ ခံစားခွင့်အညီအမျှ ရရှိစေလို သည်။
(ခ) ပြည်ထောင်စုကြီး ငြိမ်းချမ်းသာသာသော အခြေအနေကို ဖန်တီး လိုသည်။
(ဂ) အမျိုးသား ညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကို လိုလားသည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် လိုလားသည်။
ထိုအခြေအနေ (၄) ရပ်အပေါ် မူတည်၍ တည်တံ့ခိုင်မြဲသော နိုင်ငံတော်ကို တွေ့မြင်လိုသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်မျိုးသားလုံးနှင့်အတူ ညီညာဖျဖျ လက်တွဲ ဆောင်ရွက်လိုသည်။ ယင်းသို့သော မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် “ဖက်ဒရယ်ဒီမိုကရက်တစ် ပါတီ” ကို တည်ထောင်ဖွဲ့စည်းလိုက်ပါသည်။
ဆက်သွယ်ရန်
လိပ်စာ
အမှတ်(၅၄၉)၊ဝါဆိုလမ်းသွယ်(၄)လမ်း၊ ရွာမမြောက်ရပ်ကွက်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
ဖုန်း
09 5161173
အီးမေးလ်
fedraldemocraticpartyfdp@gmail.com