
ကျွန်ုပ်တို့ အကြောင်း
*** ပါတီဖွဲ့စည်းပုံနှင့် စည်းမျဉ်း ***
နိဒါန်း
၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်သူ နိုင်ငံသားအားလုံးတို့သည် ဒီမိုကရေစီ ပြည်ထောင်စုကြီး၌ ပျော်ပျော်ရွှင်ရွှင်၊ ချစ်ချစ်ခင်ခင် ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင် ကြစေရန် အလို့ငှါလည်းကောင်း၊
၂။ လူမျိုးမရွေး၊ ကျားမ မရွေး၊ ဘာသာမရွေး၊ အသက်ကြီးငယ်မရွေး နေထိုင်ရာ ဒေသ၊ ငွေကြေး ဆင်းရဲချမ်းသာမရွေး ပြည်ထောင်စုသားတိုင်းသည်-
(က) နိုင်ငံရေး လွတ်လပ်ခွင့် အပြည့်အဝရရှိစေရန်
(၁) မိမိတို့ ကြိုက်နှစ်သက်သော အစိုးရ အုပ်ချုပ်ရေးစနစ်ကို ဖွဲ့စည်းတည် ထောင်နိုင်စေရန်၊
(၂) လွတ်လပ်စွာ နိုင်ငံရေး စည်းရုံးလှုပ်ရှားခွင့် ရရှိစေရန်၊
(၃) ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိစေနိုင်ရန်။
(ခ) စီးပွားရေး လွတ်လပ်ခွင့်များ ရရှိစေရန်
(၁) လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့် ရှိနိုင်စေရန်၊
(၂) လွတ်လပ်စွာ သယ်ယူပို့ဆောင်ခွင့် ရှိနိုင်စေရန်၊
(၃) လွတ်လပ်သော စက်မှုစီးပွားရေး လုပ်ငန်းများ တည်ဆောက်ပိုင်ခွင့် ရရှိနိုင်စေရန်။
(ဂ) လူမှုရေး လွတ်လပ်ခွင့်များ ရရှိစေရန်
(၁) အလုပ်လုပ်ပိုင်ခွင့် ရှိနိုင်စေရန်၊
(၂) ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိနိုင်စေရန်၊
(၃) ဘာသာတိုင်း လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရရှိနိုင်စေရန်၊
(၄) လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိနိုင်စေရန်၊
(၅) လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ ထုတ်ဝေဖြန့်ချီခွင့် ရရှိနိုင်စေရန်၊
(၆) တရားဥပဒေအရာ၌ ပြည်သူတို့ အကျိုးအတွက် ရေးဆွဲပြဌါန်းထားသော ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းပါ ပြည်သူလူထု၏ ရပိုင်ခွင့်နှင့် အခွင့်အရေး များကို အပြည့်အဝ ညီတူညီမျှ ခံစားခွင့် ရရှိနိုင်စေရန်။
ဤအခွင့်အရေးများကို မည်သည့်နည်းဖြင့်မဆို ယုတ်လျော့ခြင်း မရှိစေရန် အလို့ငှါလည်းကောင်း “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” ကို ဖွဲ့စည်းတည်ထောင် လိုက်သည်။
ပါတီအမည်၊ အလံနှင့် တံဆိပ်
၃။ ပါတီအမည်မှာ “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် (Federal Democratic Party) ဟု ခေါ်တွင်စေရမည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် မိမိတို့ ပြည်ထောင်စုသားအားလုံး ပိုင်ဆိုင်ကြောင်း၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း မိမိတို့ ပြည်ထောင်စုသား အားလုံး၌ တာဝန်ရှိကြောင်း၊ မိမိတို့ ချစ်မြတ်နိုးတန်ဖိုးထား သည့် ပြည်ထောင်စုကြီးဖြစ်ကြောင်းကို ရည်ညွန်းသည့်အပြင် ဒီမိုကရေစီ ထွန်းကားသော ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း ဖေါ်ပြသည်။
၄။ ပါတီအလံ – ရွှေဝါရောင် နောက်ခံ၏ အလယ်ဗဟို၌ အစိမ်းရောင် ကဒေါင်းထားမည်။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ “Federal Democratic Party” အလံ၏ အောက်ခံအဝါရောင်သည် နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတနှင့် ပြည့်စုံ၍ ချမ်းသာကြွယ်ဝခြင်းကို ဖေါ်ညွှန်းသည်။ အစိမ်းရောင် ကဒေါင်းသည် ပြည်ထောင်စုသားများအားလုံး စိတ်ချမ်းမြေ့စွာနှင့် ပျော်ရွှင် ကြည်နူးမှု ရရှိကြောင်းကို ဆိုလိုသည်။ ပါတီ၏ အလံသည် ပါတီ၏ အမှတ် အသားဖြစ်သည်။
၅။ ပါတီအလံနှင့် ပါတီတံဆိပ် – ပါတီအလံနှင့် ပါတီတံဆိပ်တို့မှာ စတုဂံပုံဖြစ်ပြီး စံပြုအရွယ်အစားမှာ (၁း၁.၆) ဖြစ်၍ အောက်တွင်ဖေါ်ပြထားသည့်အတိုင်းဖြစ်သည် –

ဆက်သွယ်ရန်
လိပ်စာ
အမှတ်(၅၄၉)၊ဝါဆိုလမ်းသွယ်(၄)လမ်း၊ ရွာမမြောက်ရပ်ကွက်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
ဖုန်း
09 5161173
အီးမေးလ်
fedraldemocraticpartyfdp@gmail.com